ဟားခါး၊ ဇန်နဝါရီလ ၂၁
၂၀၁၉ -၂၀၂၀ ပညာသင်နှစ်၊ ဟားခါးကောလိပ် ဘာသာရပ်ပေါင်းစုံ အမျိုးသားအမျိုးသမီး ဘောလီဘောပြိုင်ပွဲကို ယနေ့နံနက် ၉ နာရီက ဟားခါးကောလိပ်၊ ယာယီဘောလီဘောကွင်း၌ကျင်းပရာ ဒေါက်တာလျန်ဇာခုပ်၊ ကျောင်းအုပ်ကြီးက အမှာစကားပြောကြားပါသည်။
အဆိုပါ ဘောလီဘောပြိုင်ပွဲတွင် အမျိုးသားအသင်း ၁၁ သင်းနှင့် အမျိုးသမီးအသင်း ၉ သင်းပါဝင် ယှဉ်ပြိုင်မှာဖြစ်ပြီး သင်္ချာအသင်းနှင့် ရုက္ခဗေဒအသင်းတို့ ယှဉ်ပြိုင်သွားပြီး ပြိုင်ပွဲကို ၂၅.၁.၂၀၂၀ ရက်နေ့အထိ ကျင်းပပြုလုပ်သွားမည် ဖြစ်ကြောင်းသိရှိရပါသည်။
