Chin State

ဦးပေါင်လွန်းမင့်ထန်၊ ချင်းပြည်နယ်လူမှုရေးဝန်ကြီး ၂၀၁၉-၂၀၂၀ ပညာသင်နှစ် ဟားခါးကောလိပ် မောင်မယ်သစ်လွင်ကြိုဆိုပွဲအခမ်းအနားသို့ တက်ရောက်အမှာစကားပြောကြား

ဟားခါး၊ ဇန်နဝါရီလ ၁၆

၂၀၁၉-၂၀၂၀ ပညာသင်နှစ်၊ ဟားခါးကောလိပ် မောင်မယ်သစ်လွင်ကြိုဆိုပွဲအခမ်းအနားကို ယနေ့နံနက် ၁၀ နာရီက ဟားခါးကောလိပ်၊ ဘက်စုံခန်းမ၌ကျင်းပရာ ဦးပေါင်လွန်းမင့်ထန်၊ ချင်းပြည်နယ်လူမှုရေးဝန်ကြီး၊ ဒေါက်တာလျန်ဇာခုပ် (ကျောင်းအုပ်ကြီး)၊ ဦးအန်ဂျေလူးစ်လိုင်ဘွေဦး (ဌာနမှူး−စီမံ/ဘဏ္ဍာ) သင်ကြားရေးဌာနမှူးများနှင့် မောင်မယ်သစ်လွင် ပထမနှစ် ကျောင်းသားကျောင်းသူများ တက်ရောက်ခဲ့ကြပါသည်။

အစဉ်အစီအရ ရှေးဦးစွာ ဦးပေါင်လွန်းမင့်ထန်၊ ချင်းပြည်နယ်လူမှုရေးဝန်ကြီးက အမှာစကားပြောကြားခဲ့ပါသည်။ ထို့နောက် ဒေါက်တာလျန်ဇာခုပ်၊ ကျောင်းအုပ်ကြီးမှ စီမံ/ဘဏ္ဍာဌာနနှင့် သင်ကြားရေးဌာနမှူးများအား မိတ်ဆက်ခြင်းနှင့် မောင်မယ်သစ်လွင်ကြိုဆိုနှုတ်ဆက်စကား ပြောကြားပါသည်။ ဆက်လက်ပြီး ဦးအန်ဂျေလူးစ်လိုင်ဘွေဦး (ဌာနမှူး−စီမံ/ဘဏ္ဍာ) က စီမံ/ဘဏ္ဍာဌာန ဆိုင်ရာသိကောင်းစရာများမိတ်ဆက်ခြင်း၊ ဦးပြည်ငြိမ်းဟန်(မော်ကွန်းထိန်း-သင်တန်းရေးရာဌာန) က သင်တန်းရေးရာဌာန၏ သိကောင်းစရာများမိတ်ဆက်ခြင်း၊ ဒေါ်မိုးစံပယ် (ဌာနမှူး၊ မြန်မာစာဌာန) က ဝိဇ္ဇာဘာသာရပ်များဆိုင်ရာမိတ်ဆက်ခြင်း၊ ဒေါက်တာဆန်လှေး (ဌာနမှူး၊ ရူပဗေဒဌာန) က သိပ္ပံဘာသာရပ်ဆိုင်ရာမိတ်ဆက်ခြင်း၊ ဦးအောင်ညီညီဝင်း (ဌာနမှူး၊ စက်မှုအင်ဂျင်နီယာဌာန)မှ နည်းပညာဘာသာရပ်ဆိုင်ရာမိတ်ဆက်ခြင်း၊ ဦးကျော်မျိုးသူ (ဌာနမှူး၊ ကွန်ပျူတာစနစ်နှင့် နည်းပညာမဟာဌာန) က ကွန်ပျူတာဘာသာရပ်ဆိုင်ရာ မိတ်ဆက်ခြင်းများ အသီးသီးမိတ်ဆက်ခဲ့ပါသည်။ ယင်းနောက် တက်ရောက်သူအရာရှိများ၊ သင်ကြားရေးဌာနမှူးများ၊ မောင်မယ်သစ်လွင်ပထမနှစ် ကျောင်းသားကျောင်းသူများ စုပေါင်းမှတ်တမ်းဓါတ်ပုံရိုက်ကြပါသည်။

ပြန်စာထားခဲ့ပါ။

သင့် email လိပ်စာကို ဖော်ပြမည် မဟုတ်ပါ။ လိုအပ်သော ကွက်လပ်များကို * ဖြင့်မှတ်သားထားသည်