Chin State

ဟားခါးကောလိပ် ဘာသာရပ်ပေါင်းစုံ ဘောလုံးပြိုင်ပွဲ ဗိုလ်လုပွဲနှင့် ဆုပေးပွဲကျင်းပ

ဟားခါး၊ ဖေဖော်ဝါရီလ ၁၄
၂၀၁၉ -၂၀၂၀ ပညာသင်နှစ်၊ ဟားခါးကောလိပ် ဘာသာရပ်ပေါင်းစုံ အမျိုးသားအမျိုးသမီး ဘောလုံးပြိုင်ပွဲ ဗိုလ်လုပွဲနှင့် ဆုပေးပွဲကို ယနေ့ညနေ ၄ နာရီက ဦးကီယိုမန်းအားကစားကွင်း၌ကျင်းပရာ အဆင့်မြင့်ပညာဦးစီးဌာန ဒုတိယညွှန်ကြားရေမှူးချုပ် ဒေါက်တာစိုးမြင့်အေး၊ ဟားခါးကောလိပ် ကျောင်းအုပ်ကြီး ဒေါက်တာလျန်ဇာခုပ်နှင့် ဌာနမှူးများ တက်ရောက်ချီးမြှင့်အားပေးပါသည်။

အဆိုပါ အမျိုးသားဘောလုံးပြိုင်ပွဲတွင် ပထဝီဝင်အသင်းက ပထမ၊ သင်္ချာအသင်းက ဒုတိယ၊ အမျိုးသမီးဘောလုံးပြိုင်ပွဲတွင် သင်္ချာအသင်းက ပထမ၊ ဓာတုဗေဒအသင်းက ဒုတိယရရှိကြပါသည်။

ချစ်ကြည်ရေးဘောလုံးပြိုင်ပွဲတွင် ပထမဆုရရှိသည့် စီမံခန့်ခွဲရေးဝန်ထမ်းအသင်း၊ ဒုတိယဆုရရှိသည့် ဆောက်လုပ်ရေးအသင်း၊ တတိယဆုရရှိသည့် သင်ကြားရေးဝန်ထမ်းအသင်း၊ ပွဲစဉ်တလျှောက် အကောင်းဆုံးဆုများ၊ နေရာအလိုက်အကောင်းဆုံးဆုများ၊ တစ်ဦးချင်းဆုများနှင့် ပထမဆုများကို အဆင့်မြင့်ပညာဦးစီးဌာန ဒုတိယညွှန်ကြားရေမှူးချုပ် ဒေါက်တာစိုးမြင့်အေး၊ ဟားခါးကောလိပ် ကျောင်းအုပ်ကြီး ဒေါက်တာလျန်ဇာခုပ်နှင့် ဌာနမှူးများက ဆုချီးမြှင့်ပေးပါသည်။


ဓါတ်ပုံ−စီဗန်ခိုင်ထန်

Leave a Reply

Your email address will not be published. Required fields are marked *