Chin State

(၇၂) နှစ်မြောက် ချင်းအမျိုးသားနေ့ ကျင်းပ

ဟားခါး၊ ဇန်နဝါရီလ ၁၈

ချင်းတိုင်းရင်းသားစာပေနှင့် ယဉ်ကျေးမှုကော်မတီက ကမကထပြု၍ ပထမအကြိမ်အဖြစ် (၇၂) နှစ်မြောက် ချင်းအမျိုးသားနေ့အခမ်းအနားကို ယနေ့မွန်းလွဲ ၂ နာရီတွင် ဟားခါးကောလိပ်၊ ဘက်စုံခန်းမ၌ကျင်းပရာ ကျောင်းအုပ်ကြီး ဒေါက်တာလျန်ဇာခုပ်၊ စီမံ/သင်ကြား ဌာနမှူးများ၊ အရာထမ်းအမှုထမ်းများ၊ ကျောင်းသားကျောင်းသူများ တက်ရောက်ကြပါသည်။

အစဉ်အစီအရ ကျောင်းအုပ်ကြီး ဒေါက်တာလျန်ဇာခုပ်က အမှာစကားပြောကြားပြီး သမိုင်းဌာန ကထိက/ဌာနမှူး ဒေါက်တာရာမ်ငိုင်းက ချင်းအမျိုးသားနေ့ဖြစ်ပေါ်လာပုံ သမိုင်းအကျဉ်းကို ပြောကြားပါသည်။

ထို့နောက် ထူးချွန်ကျောင်းသားကျောင်းသူများအား ဂုဏ်ပြုမှတ်တမ်းလွှာပေးအပ်ခြင်းနှင့် ချင်းရိုးရာအကများဖြင့် ဖျော်ဖြေတင်ဆက်ပါသည်။

ပြန်စာထားခဲ့ပါ။

သင့် email လိပ်စာကို ဖော်ပြမည် မဟုတ်ပါ။ လိုအပ်သော ကွက်လပ်များကို * ဖြင့်မှတ်သားထားသည်